21 ပတ် - ဘာသာပြန်ပါ။

ကျိုက်ထိုမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါနှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း စတင်

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်အတွင်း ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့- မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ ဒီဇင်ဘာ (၃) ရက်၌ စတင်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးမှုကို အသက် (၅)နှစ်ပြည့်ပြီး အသက်(၇)နှစ်မကျော်သော ကျောင်းသား /ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT) နှင့် အသက်(၉)နှစ်ပြည့်ပြီး အသက် (၁၀)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သည် ယခု ၂၀၂၄ ခုနှစ်အတွက် စတင်ထိုးနှံပေးခြင်းဖြစ်ကာ မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် ကလေ-းငယ်များကိုလည်း ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနက အသိပေးထားသည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်းကလည်း ကျိုက်ထို့မြို့နယ်အတွင်း ရွေ့လျားဓာတ်မှန်စက်ဖြင့် သွေးတိုး ရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ ၊ မောပန်းလွယ်နေသူများ၊ မကြာခဏချောင်းဆိုးနေသူများ၊ အစားအသောက်ပျက်နေသူများ၊ ပိန်ချုံးလာသောလူနာများနှင့် ဆေးလိပ်သောက်သောလူနာများအား ရောဂါရှာဖွေ စစ်ဆေးကုသပေးခဲ့ကြသေးသည်။

image