21 ပတ် - ဘာသာပြန်ပါ။

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာ

ဒီဇင်ဘာ ၃

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲက ကြိုတင်အသိပေးခြင်းမရှိဘဲ စစ်အုပ်ချုပ်ရေးကြေညာလိုက်ခြင်းကြောင့် ပြည်သူလူထုများသည် အမျိုးသားလွှတ်တော် အဆောက်အအုံရှေ့မှာ လူစုလူဝေးဖြင့် ကန့်ကွက်မှုများ ပြုလုပ်လာ ခဲ့ကြသည်။

ယွန်သည် ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက ရုပ်သံမိန့်ခွန်း ပြောကြား၍ အရေးပေါ် စစ်အုပ်ချုပ်ရေးကို ကြေညာလိုက် ခြင်းဖြစ်သည်။

ထို့နောက် နိုင်ငံ၏ အဓိကအတိုက်ခံပါတီဖြစ်သည့် ကိုရီးယားဒီမိုကရေစီပါတီ (DPK) က အုပ်ချုပ်၍မရအောင် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။

DPK ပါတီမှ အမတ်လီက “ သမ္မတယွန်က အရေးပေါ်စစ်အုပ်ချုပ်ရေးကို အကြောင်းမဲ့ (သက်သက်မဲ့) ထုတ်ပြန် လိုက်တာပါ။ သံချပ်ကာကားတွေ၊ သံချပ်ကာ ယာဉ်တွေနဲ့ သေနတ်နဲ့ ဓားတွေကိုင်ထားတဲ့ စစ်သားတွေက တိုင်းပြည်ကို မကြာခင် အုပ်စိုးတော့မှာပါ” ဟု ပြောကြားခဲ့သည်။

ထို့နောက် တောင်ကိုရီးယား အမျိုးသားလွှတ်တော် အဆောက်အအုံရှေ့မှာ ပြည်သူများ စုဝေးလာကြသလို ရဟတ်ယာဉ်များလည်း ပျံသန်းလျက်ရှိသည်ကို တွေ့ရသည်။

#centralnewsnaypyitaw

imageimage
+4