ပန်းငရုတ်ပွနံ့ မွှေးမွှေးလေးနဲ့ စပ်စပ်လေး..
ဆိတ်သွေးခဲကို ဆား..နနွင်းနယ်ပြီး အပေါ်ကြော တင်းရုံ ဆီနဲ့ကြော်ထားပါ..
ကြက်သွန်ဖြူ.. နီ..ငရုတ်သီးစိမ်းကို ရောပြီး မညက်တညက် ထောင်း..
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ထောင်းထားတာတွေ ထည့်မွှေ..
နနွင်းမှုန့် ထည့်..ငပိထည့်..
ငပိကြေတဲ့ထိ မွှေ..ဒီအချိန် အရမ်းမွှေးတာ..
ပဲငံပြာရည် ပါလေရုံထည့်..ဆားထည့်..အရသာမှုန့် ထည့်..
ရေနွေး နည်းနည်းလောင်း..
ရေဆူပြီး ဆီပြန်လာရင် ဆိတ်သွေးခဲကြော်တွေ ထည့်..
ကိုယ်လိုချင်သလောက် အရည်အနေအထားကို မှန်းပြီး ရေနွေးထည့်..
မီးအေးအေးနဲ့ ဆိတ်သွေးခဲ ထဲ အရသာဝင်အောင် တည်ထားပါ..
ရေပွက်ပွက်ဆူပြီး အရည်စပ်စပ် ကျန်ပြီဆို ပန်းငရုတ်ပွ ကို အတုံးလေးတွေ လှီးပြီး ထည့်ပါ..
ပန်းငရုတ်ပွတွေ တအား အိနွမ်းမသွားအောင် ခဏပဲဆက်တည်ပါ..
အိုးချပါ..
မွှေးမွှေးလေး နဲ့ စပ်တဲ့ ဆိတ်သွေးခဲချက်လေး..😋
.. !! ..
