21 ပတ် - ဘာသာပြန်ပါ။

ထရမ့်က တရုတ်တင်မက BRICS ဘက်ပါ လှည့်ခြိမ်းခြောက်လာတယ်။
BRICS အဖွဲ့အနေနဲ့ ကုန်သွယ်မှုနယ်ပယ်မှာ အမေရိကန်ဒေါ်လာသုံးစွဲလုပ်ကိုင်နေတာကို
ကျောခိုင်းသွားမယ်ဆိုရင် အဲဒီနိုင်ငံတွေက အမေရိကန်ထဲသွင်းမယ့် ကုန်စည်တွေအပေါ်
စည်းကြပ်ခွန် ရာခိုင်နှုန်း ၁၀၀ ကောက်ခံဖို့ ခြိမ်းခြောက်လိုက်ပါတယ်။
အနောက်အုပ်စုမဟုတ်တဲ့ BRICS ပထဝီနိုင်ငံရေးညွန့်ပေါင်းအဖွဲ့အနေနဲ့
ဒေါ်လာဈေးကွက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ အိုင်ဒီယာဟာ
ပြီးသွားပါပြီလို့ ထရမ့်က သူ့ Truth Social အကောင့်မှာ ရေးလိုက်တယ်။
မူလပထမ BRIC ဆိုပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့နဲ့ အလွတ်သဘော ဖွဲ့စည်းခဲ့ရာက တစ်နှစ်ကြာ‌တော့ တောင်အာဖရိက ပါလာလို့ BRICS ဖြစ်လာတဲ့အုပ်စု။
ကမ္ဘာ့ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သြဇာလွှမ်းမိုးနေတာကို အနည်းဆုံးတော့
အပြိုင်တစ်ခု လိုချင်တဲ့အုပ်စုလည်း ထရမ့်နဲ့ တွေ့တော့မယ်။
၂၀၂၃ ခုနှစ် ထိပ်သီးအစည်းအဝေးမှာ BRICS က အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီနဲ့ ယူအေအီးကို ပါဖို့ ဖိတ်ခေါ်ထားတော့ ဘာနာမည်ဖြစ်ဦးမယ်မသိတဲ့ အုပ်စု-
MAGA ထရမ့်ကို ဘယ်လိုရင်ဆိုင်မှာပါလိမ့်၊ တရုတ်အပြင် အမေရိကန်ကို ကုန်စည်အတော်တင်ပို့နေရတဲ့ အိန္ဒိယလိုနိုင်ငံမျိုး ခေါင်းကိုက်မှာပေါ့။
Credit to Min Myat San

image