3 d - Translate

မော်လမြိုင် တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီ စတင်

မော်လမြိုင်မြို့ ၊ တောင်ဝိုင်းတောင်တက်လမ်းလျှောက်ရာသီကို ယမန်နေ့ ဒီဇင်ဘာ (၁)ရက် နံနက်ပိုင်းတွင်စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်တက်လမ်းလျှောက်ရာသီကို နှစ်စဉ် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ (၃)လ သတ်မှတ်ထားခြင်းဖြစ်သည်။

တောင်တက်လမ်းလျှောက်သူများအားနံနက် (၅) နာရီမှ နံနက် (၉)နာရီ အချိန်အထိ မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် စက်ဘီးများဖြင့် တက်ခွင့်မပြုဘဲ၊ လမ်းလျှောက်လာသူများအနေဖြင့် တောင်ခြေ‌တွင် ယာယီအပ်နှံနိုင်ရန်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် တောင်တက်ရာသီအတွင်းကလည်း မော်လမြိုင်မြို့အပါအဝင် အနယ်နယ် အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူးဧည့်သည်များ တစ်ရက်လျှင် ရာနှင်ချီ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

image