ကွင်းထဲမေ့လဲခဲ့တဲ့ ဖီအိုရင်တီးနားအသင်း ကွင်းလယ်ကစားသမား အထူးကြပ်မတ် ကုသဆောင်ရောက်

ဒီဇင်ဘာ ၂

အီတလီဘောလုံးကလပ်အသင်းဖြစ်တဲ့ ဖီအိုရင်တီးနား (Fiorentina)ကွင်းလယ်ကစားသမား Edoardo Bove ဟာ အင်တာ မီလန်အသင်းနဲ့ တနင်္ဂနွေနေ့မှာ ကစားမယ့် စီးရီးအေပွဲစဉ်အတွင်း ကွင်းထဲမှာ မေ့လဲပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရပါတယ်။

ပွဲစပြီး ၁၆ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ အခုဖြစ်ရပ်ကြောင့် ပွဲကို ရပ်နားခဲ့ရပါတယ်။

အသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ ဆေးဝါးအကူအညီနဲ့ သတိလည်အောင်လုပ်နေပြီး ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတယ်လို့ ဆိုထားပါတယ်။

ကနဦး စမ်းသပ်ချက်တွေအရ ဗဟိုအာရုံကြောနဲ့ အသက်ရှူလမ်းကြောင်းစနစ် ပျက်စီးတယ်လို့ ကောက်ချက် ချထားပြီး နောက် ၂၄ နာရီအတွင်း အခြေအနေတိုးတက်မှုကို ထပ်ပြီးဆန်းစစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာဆို ထားပါတယ်။

Bove ဟာ ဘောလုံးကွင်းထဲမှာ ရုတ်တရက်လဲကျသွားပြီးနောက်မှာ နှစ်ဖက်ကစားသမားတွေဟာ ဆေးအဖွဲ့ကို ခေါ်ယူပေးခဲ့ပါတယ်။

ကွင်းလယ်ကစားသမား Bove ဟာ အသင်းကို သြဂုတ်လမှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အီတလီ ဆီးရီးအေနဲ့ သူ့ရဲ့အသင်းဖော်တွေကလည်း သူတို့ရဲ့ လူမှုကွန်ရက် အကောင့်တွေကနေ Bove အတွက် ဆုတောင်းပေးနေကြပါတယ်။

#centralnewsnaypyitaw

image
image
image
image