ယူကရိန်းနိုင်ငံမှာ တပ်ဖွဲ့ဝင်အင်အား ၁၀၀,၀၀၀ တပ်ဖြန့်ချထားဖို့ နေတိုးစီစဉ်နေကြောင်း ရုရှားပြော

နိုဝင်ဘာ ၃၀

ယူကရိန်းနိုင်ငံ လက်တုံ့ပြန်တိုက်ခိုက်နိုင်ရေး ပြင်ဆင်ပေးတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ယူကရိန်းနိုင်ငံမှာ ငြိမ်း ချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် အင်အား ၁၀၀,၀၀၀ တပ်ဖြန့်ချသွားဖို့ နေတိုးအဖွဲ့က စီစဉ်ဆောင်ရွက်နေ ကြောင်း ရုရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။

နေတိုးအဖွဲ့ဝင် လေးငါးနိုင်ငံဟာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ တပ်ဖြန့်ချထားတယ်ဆိုတဲ့ ခေါင်းစဉ် နဲ့ ယူကရိန်းနိုင်ငံကို ဝင်ရောက်သိမ်းပိုက်မှာဖြစ်တယ်လို့ ခန့်မှန်းရကြောင်း ရုရှားပြည်ပနိုင်ငံထောက်လှမ်းရေး တပ်ဖွဲ့ (SVR) က နိုဝင်ဘာ ၂၉ ရက်နေ့ (သောကြာနေ့) က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုရှားထောက်လှမ်းရေးအဖွဲ့ဟာ ဘာသက်သေအထောက်အထားမှ မရှိဘဲ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းနိုင်ငံကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး တပ်ဖြန့်ချထားဖို့ ရည်ရွယ်ချက် လုံးဝမရှိ ကြောင်း အခုနှစ်အစောပိုင်းမှာ အဲဒီအချိန်က နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်းဆော့တ်တန်း ဘာ့ဂျ်က ပြောပါတယ်။

Newsweek မီဒီယာက နေတိုးအဖွဲ့ကို အွန်လိုင်းကတစ်ဆင့်ဆက်သွယ်ခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကိုလည်း အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ခဲ့ပါတယ်။

စစ်မြေပြင်မှာ ရုရှားကို မဟာဗျူဟာမြောက်အနိုင်ရရှိရေး ဒုက္ခပေးနိုင်တဲ့ အခြေအနေတွေ သိသိသာသာ ကင်းမဲ့ လာတာကြောင့် နေတိုးအဖွဲ့ဟာ ယူကရိန်းစစ်ပွဲကို ရပ်တန့်စေချင်နေပြီဖြစ်ကြောင်း ရုရှား SVR ထောက်လှမ်း ရေးအဖွဲ့က ပြောပါတယ်။

နေတိုးအဖွဲ့ဟာ စစ်မှုထမ်းဥပေဒနဲ့ စုဆောင်းထားတဲ့ ယူကရိန်းစစ်သား တစ်သန်းထက်မနည်းကို လေ့ကျင့်သင် ကြားပေးပြီး ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေကို ပြန်လည်ထိန်းသိမ်းစေချင်နေ တယ်လို့ SVR က ခန့်မှန်းထားပါတယ်။

“အခုလို အနာဂတ်ဖြစ်နိုင်ခြေ ဆောင်ရွက်ချက်ကို ယူကရိန်းတပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ပြန်လည်မြှင့် တင်ရေးအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ်နဲ့ လက်စားချေစစ်ပွဲတစ်ရပ်ပြန်လည်ဆင်နွှဲနိုင်ဖို့ ပြင်ဆင်မှုအဖြစ် အနောက်အုပ်စုက စဉ်းစားထားပါတယ်။” လို့ SVR အဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ယူကရိန်းတပ်မတော်ကို လုံလောက်တဲ့ လက်နက်ခဲယမ်းတွေ မထောက်ပံ့ဘဲနဲ့ ယူကရိန်းနိုင်ငံက အလွန်ရှည် ကြာတဲ့ကာလအတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေကို ဆင်နွှဲနိုင်စွမ်းရှိလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချင်ဟာ သဘာဝမကျ ဘူးဆိုတာ နေတိုးဌာနချုပ်က သဘောပေါက်ပါတယ်။” လို့ SVR က ပြောပါတယ်။

ယူကရိန်းကို ဝင်ရောက်သိမ်းပိုက်ရေးအစီအစဉ်ဟာ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် အနောက်အုပ်စုက အသုံးပြုမယ့်နည်းလမ်းဖြစ်လိမ့်မယ်လို့ SVR က ပြောပါတယ်။

Ref: NATO to ‘Deploy 100,000 Peacekeepers’ in Ukraine, Russia Claims: Newsweek

#centralnewsnaypyitaw

image