~~ အမှတ်တရ ~~~ { ၁ }
#ဂျူး
~ အိပ်မက်ကလေး လှပခဲ့တဲ့အတွက် မောင့်ကို ကျွန်မအမြဲ ကျေးဇူးတင်နေတော့မှာပါ မောင် ~
ကျွန်မကြားနေကျ
စကားသံတစ်ခုဖြင့်
ကျွန်မကို ကြိုဆိုမည့်သူ မရှိပါ။
သော့ပိတ်ထားသော
တံခါးဘေးတွင်
ကျွန်မနာမည် ဆိုင်းဘုတ်ပြားတစ်ခုသာ
ရှိတော့သည်။
မိုးသက်လေဖြင့်
အနည်းငယ်
ချမ်းစိမ့်စိမ့်ဖြစ်သွား၍
လက်ပွေ့အိတ်ထဲမှ
သော့ကို ကပျာကသီ
ထုတ်ယူလိုက်သည်။
ဤသော့ကို ဖွင့်မည့်သူဟူ၍
ကျွန်မ တစ်ဦးတည်းသာ
ရှိတော့သည်။
* * *
အခန်း-၁
နွေးထွေးပျော်ရွှင်စွာ ကြိုဆိုမည့်သူမရှိသော ရထားဆင်းခရီးသည်တစ်ဦး၏ ဒုက္ခကို တတိယအကြိမ် ခံစားရသောအခါ ပထမဆုံး အကြိမ်လောက် စိတ်ဆင်းရဲမှု မပြင်းထန်တော့ပါ။
ဘူတာရုံ အဆောက်အအုံ၏ အပြင်ဘက်တွင် မိုးဖွဲဖွဲ ကျနေသောကြောင့် ဆင်၀င်နား ကပ်လျက်ရှိနေသော သုံးဘီးတစ်စီးကိုသာ အလွယ်တကူ ငှားလိုက်ရလေသည်။
နွေရာသီဖြစ်စေ၊ မိုးရာသီဖြစ်စေ လမ်းထွက်လျှင် ဘယ်တော့မှ ထီးမဆောင်းတတ်သော ကျွန်မကို ‘ဘယ်လို မိန်းကလေးလဲဟ’ ဟု မအံ့သြဘဲ ၊ အံ့သြပြမည့်သူလည်း အနီးတွင် မရှိပါ။
#ဆက်ရန်ရှိ