ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းအသစ် ၁၅ စင်းဖြင့် စတင်ပြေးဆွဲ

နိုဝင်ဘာ ၃၀

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ် ၁၅ စင်းဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်ဘူတာကြီးတွင် နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့ စတင်ပြေးဆွဲသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြု ပြေးဆွဲနိုင်ရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီး ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးကို အဆင်ပြေစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန် SAC ဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image