လယ်ဝေးမြို့ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

နိုဝင်ဘာ ၂၉

လယ်ဝေးမြို့ ဗဟိုပြု၍ ယနေ့ နံနက် ၁၁ နာရီကျော်အချိန်က အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၃၂) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လယ်ဝေးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက် (၂၄) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image