(၇)ရက်သား/သမီးအဟောများ
တနင်္ဂနွေ သား/သမီး
လုပ်ငန်းပိုင်း အခက်အခဲ အကြပ်အတည်း အချို့ ကြုံရတတ်သော်လည်း၊ငွေကြေးပိုင်းသင့်လျော်စွာ ရရှိနေတတ်ပါမည်။ကျန်းမာရေး တွင်ကား ပြဿနာ အထူးမဖြစ်နိုင်ပါ။အချစ်ရေး ပြဿနာပေါ်တတ်ပြီး၊လမ်းခွဲရတတ်သည်ထိ ဖြစ်ရတတ်၍ သတိထားရပါမည်။အိမ်ထောင်ရေးဖက်တွင်လည်း အဆင်မပြေမှု အချို့ကြုံရတတ်သော်လည်း ပြဿနာ မကြီးမားတတ်ပါ။ပညာရေး သင့်သော်လည်း ကျန်းမာရေးကြောင့် ပညာရေးဘက်အားလျော့တတ်ခြင်းကိုသတိပြုရပါမည်။
ယတြာ... စေတီတစ်ဆူတွင် မွေးနေ့ ညပိုင်းအတွက်လျှပ်စစ်မီး ပူဇော်ရန် အလှူငွေ ထဲ့ပေးပါ။
-------
တနင်္လာ သား/သမီး
အလုပ်တွင် အထစ်အငေါ့ အချို့နှင့် ကြုံရတတ်သော်လည်းလုပ်ငန်းကို မထိခိုက်နိုင်ပါ။ငွေကြေးကံ သင့်၍ပုံမှန် လည်ပတ်နေနိုင်ပါမည်။ကျန်းမာရေးအညံ့ရှိတတ်၍ ဝမ်းဗိုက်၊အစာအိမ်၊အသည်း..ရောဂါထဲမှ သတိပြုရပါမည်။ အချစ်ရေး အဆင်မပြေ စကားများ ရန်ဖြစ်ရတတ်သော်လည်း ခေတ္တဆက်သွယ်မှုမရ ဖြစ်ရုံသာကြုံတတ်ပြီး လမ်းခွဲရသည်ထိ မကြုံရနိုင်ပါ။အိမ်ထောင်ရေးကံ ကောင်းမွန်နေသော်လည်းအိမ်ထောင်ဖက်၏ ကျန်းမာရေး ညံ့တတ်ခြင်း ကြုံတွေ့ရနိုင်ပါသည်။ပညာရေးကံ ညံ့တတ်၍ ကြိုးစားသမျှ အရာမထင်ဖြစ်ရတတ်ပါမည်။
ယတြာ.... စေတီတစ်ဆူ၏ စနေထောင့်တွင် မွေးနေ့ နံနက်ပိုင်း၌ အလင်းတိုင်(၁၀) တိုင် ထွန်းညှိပူဇော်ပေးပါ။
-----
အင်္ဂါ သား/သမီး
အလုပ်တွင် အယှဥ်အပြိုင်များနေတတ်သော်လည်း အောင်မြင်မှုများကြုံပါမည်။ငွေကြေးပိုင်း များသောအားဖြင့် အဆင်ပြေနေတတ်သော်လည်း ရစရာငွေကြေးအချို့ ကြန့်ကြာနေတတ်ပါမည်။အချစ်ရေး အဆင်ပြေသာယာနေတန်သော်လည်း မမျှော်လင့်ထားပဲ၊အသေးအဖွဲကိစ္စဖြင့် ချစ်သူ၏ စိတ်ကောက်မှု ကြုံရတတ်၍ သတိပြုရပါမည်။အိမ်ထောင်ရေးတွင် အမြင်မတူ၍ ပဋိပက္ခ သဘော ကြုံရတတ်ပါမည်။အိမ်ထောင်ဖက်၏ အထင်လွဲမှုမျိုး ကြုံရတတ်ပါမည်။သတိပြုပါ။ပညာရေး ကြိုးစားနိုင်မှ တော်ကာကျ ဆိုသလိုဝီရိယကြီးစွာထားမှ အောင်မြင်မှု ရနိုင်ပါမည်။
ယတြာ--- စေတီတစ်ဆူ၏ အင်္ဂါထောင့်တွင် မွေးနေ့ နံနက်ပိုင်း၌ ယပ်အနီ(၈) လက် လှူပေးပါ။
----
ဗုဒ္ဓဟူး သား/သမီး
အလုပ်/ငွေကြေးပိုင်းအဆင်မပြေ အခက်အခဲများ ကြုံရတတ်ကာ၊ငွေကြေး အကြပ်အတည်းမျိုး ကြုံရတတ်ဖွယ်ရှိသည်။ကျန်းမာရေးကောင်းမွန်သော်လည်းစိတ်ဖိစီးမှုများ၍ အာရုံကြော နှင့် သွေးတိုးခြင်းမျိုး ခံစားရတတ်ပါမည်။အချစ်ရေး အဆင်ပြေနေပါမည်။သာမန် ကတောက်ကဆ အချို့သာ ကြုံရတတ်မည်။အိမ်ထောင်ရေးရန်တကျက်တကျက်ဆိုသလို ကြုံရတတ်သော်လည်း ပြဿနာ မကြီးမားတတ်ပါ။ပညာရေး ကံအထူးညံ့နေတတ်သည်။စိတ်လေ၍ ကြိုးစားလိုစိတ် ကင်းမဲ့နေတတ်၍ဖြစ်ပါမည်။
ယတြာ... မွေးနေ့ မွန်းလွဲ နောက်ပိုက်ပိုင်းတွင် ဘုရားဗုဒ္ဓဟူးထောင့်၌ ရေ(၂၁)ခွက် ပူဇော်သပ္ပာယ်ပေးပါ။
----
ကြာသပတေး သား/သမီးများ
အလုပ်အောင်မြင်မှု ကြုံနေရပြီး ငွေကြေးကံလည်း မြင့်တက်နေတတ်ပါမည်။ကျန်းမာရေး သာမန် အနာအဖျားမျိုးလောက်သာ ကြုံရနိုင်ပါမည်။အချစ်ရေး ကံသင့်ပါသည်။သို့သော် ချစ်သူနှင့် ဆက်သွယ်၍ မရဖြစ်နေတတ်မည်။ယာယီသဘောသာဖြစ်ပါမည်။အိမ်ထောင်ရေး အထူးကောင်းမွန် ပျော်ရွှင်ရမည်။ပညာရေး ကြိုးစားသလောက် အဆင်ပြေနေမည်။
ယတြာ-- ဘုရား မွေးနံထောင့်တွင်ကြာသပတေူနေ့ နံနက်ပိုင်၌ စံပယ်ပန်း (၅) ကုံးလှူပေးပါ။
---
သောကြာ သား/သမီး
အလုပ် ၊ငွေကြေးပိုင်းများ ကျေနပ်လောက်ဖွယ် အဆင်ပြေ အောင်မြင်နေမည်။ကျန်းမာရေး အညံ့ရှိနေတတ်ပြီး အကြောတက်ခြင်း၊ဗိုက်အောင့်ဖြင်း၊လေနာထခြင်းမျိုး သတိပြုရပါမည်။အချစ်ရေး အဆင်ပြေသာယာနေပါမည်။အိမ်ထောင်ရေး အသေးအဖွဲ ကိစ္စမှ ပြဿနာကြီးမား၍ လမ်းခွဲရသည်ထိ ဖြစ်တတ်၍ သတိပြုထားပါ။ပညာရေး မှန်တန်းတွင်သာ ရှိနေပါမည်။
ယတြာ--- ဘုရား သောကြာထောင့်တွင် မွေးနေ့ နံနက်ပိုင်းတွင် ရေသက်စေ့ သပ္ပာယ်ပေးပါ။
---
စနေ သား/သမီး
လုပ်ငန်း သင့်တင့်စွာ အဆင်ပြေနေတတ်ပြီး ငွေကြေးပိုင်းတွင်ကားနစ်နာဆုံးရှုံးမှုအချို့ကြုံရနိုင်ပါသည်။ကျန်းမာရေး
အထူးညံ့တတ်၍ အစာအိမ်၊ဝမ်းခေါင်းတွင်း ပြဿနာပေါ်တတ်ပါမည်။အချစ်ရေးကောင်းမွန် အဆင်ပြေနေပါမည်။အိမ်ထောင်ရေးကံ အညံ့ရှိနေတတ်၍ အိမ်ထောင်ဖက်နှင့် မျက်နှာချင်းဆိုင်တာနှင့် စကားးများရတတ်၍ မိမိဘက်မှ သတိထားဆင်ခြင်ပေးပါ။ပညာရေးကံအထူးညံ့တတ်၍ ကြိုးစားလိုစိတ်လည်း ပျောက်ဆုံးနေတတ်ပါမည်။သတိပြုပါ။
ယတြာ--- စေတီတစ်ဆူ၏မွေးနံထောင့်တွင် စနေနေ့နံနက်ပိုင်း၌ နှမ်းဆီဖြင့် ဆီမီး(၁၀)ခွက် ထွန်းညှိပူဇော်ပေးပါ။
ဆရာဝင်းမင်း(B.Sc)