"အိမ်ဖြူတော်သည် ယူကရိန်းတွင် ရုရှားကို တိုက်ခိုက်ဖို့ တပ်ဖွဲ့ဝင်အလုံအလောက်ရှိရန် အတွက် အသက် 18 နှစ်အရွယ် ကလေးတွေကို စစ်မှုထမ်းစေရန် ဖိအားပေးလျက်ရှိသည်။"
သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရသည် အသက် ၁၈ နှစ် လူငယ်များကို စစ်မှုထမ်းခွင့်ပြုပြီး တပ်ဖွဲ့ဝင်များ ပိုမိုတိုးပွါးလာစေရန် စစ်မှုထမ်းဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် ၎င်း၏စစ်တပ်အရွယ်အစားကို လျင်မြန်စွာ တိုးမြှင့်ရန် ယူကရိန်းအား တိုက်တွန်းထားသည်။
အမည်မဖော်လိုသည့် ဘိုင်ဒင် အကြီးတန်း အုပ်ချုပ်ရေး အရာရှိတစ်ဦးက အမေရိကန်အစိုးရသည် ယူကရိန်းအား တိုက်ပွဲများ ချဲ့ထွင်ရာတွင် အသက် ၂၅ နှစ်မှ ၁၈ နှစ်အထိ စစ်မှုထမ်းရမည့်အသက်ကို လျှော့ချစေလိုကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။