ရင့်ကျက်လာဖို့ဆိုရင် နာကျင်မှုတစ်ချို့ကို
ဖြတ်သန်းရမယ်။
ခံစားချက်တစ်ချို့ကို ဆုံးရှုံးရမယ်။
အချိန်တစ်ချို့ကို ပေးဆပ်ရမယ်။
အဲ့ဒီအတွက် သတ္တိနည်းနည်းရှိဖို့တော့လိုမယ်။
တစ်ခါလေကျရင်
ဘ၀က ထင်သလိုမလွယ်ကူနေတတ်ဘူး။
တစ်ချို့အရာတွေက
ပြီးရင်ပြီးသွားမယ်၊အဆင်ပြေသွားမယ်ဆိုတဲ့
စိတ်နဲ့ ကျော်ဖြတ်လို့ရပေမဲ့
ကြီးပြင်းရင့်ကျက်လာတဲ့ စကားလုံးကို ဖြတ်သန်းဖို့က
တော့သတ္တိနည်းနည်းပါမှသာ ရနိုင်တယ်။
ဒါမှ လူတွေရဲ့အေးစက်မှုတွေ၊
လှောင်ရယ်သံတွေကိုဂရုစိုက်စရာမလိုဘဲ
ကိုယ့်လမ်းကိုယ်လျောက်
ကိုယ့်အိမ်မက် ကိုယ်မက်ကာ
သတ္တိရှိရှိ၊ရဲရင့်မှု ရှိရှိနဲ့ ကျော်ဖြတ်သင့်တာကို
အကောင်းဆုံးကျော်ဖြတ်ခဲ့ပြီး
လှပသော ခြေရာတွေကို ချန်ခဲ့နိုင်မှာဖြစ်တယ်။
#ဦးချေ