သူ့ကို စကားပြောမယ့်သူ မရှိလို့
မင်းကို မျှော်နေတာမဟုတ်ပါဘူး
သူက မင်းနဲ့ပဲ စကားပြောချင်တာမို့
မင်းကို စောင့်နေတာပါ ။
သူ့ကို ချစ်မယ့်သူတွေ မရှိလို့
မင်းကို တွယ်ကပ်နေတာ မဟုတ်ဘူး
သူက မင်းကိုပဲ ချစ်တာမို့
မင်းကို လိုအပ်နေတာပါ ။
သူ့မှာ အချိန်တွေပိုနေလို့
မင်း wall ထဲကို ခဏခဏဝင်ကြည့်ပြီး
မင်းဆီကို စာပို့နေတာ မဟုတ်ပါဘူး
သိပ်လွမ်းနေတာမို့ သူက
မင်းကို တောင့်တ နေတာပါ ။
မင်းမှမင်း သဲသဲလှုပ်နေတာက
သူ့မှာ ရွေးချယ်စရာ မရှိလို့မဟုတ်ဘဲ
မင်းကိုပဲ ရည်ရွယ်ထားတာမို့
မင်းနဲ့ပဲ ရှေ့ဆက်ချင်နေတာပါ ။
အားလုံးကို ကျောခိုင်းပြီး
မင်းရှိတဲ့ဘက်ကိုပဲ မျက်နှာမူထားတတ်တဲ့
အဲဒီလို လူတစ်ယောက်ကို
မင်းက ပိုပြီး မြတ်နိုးတန်ဖိုးထားပေးစေချင်ပါတယ် ။
တချို့သူတွေက
အားလုံးထဲမှာမှ မင်း ဆီကိုပဲ ဦးတည်ခဲ့ပြီး
မင်းကိုပဲ သတ်သတ်မှတ်မှတ်ရွေးချယ်ထားတာမို့လို့ပါ။
#သက်ထားခင်thk
#မင်းကိုပဲချစ်နေတာမို့ပါ