တာချီလိတ်မှာ ထိုင်း နယ်နိမိတ်ဘက်ကို ကျူးကျော် ဆောက်လုပ်ထားတဲ့ အဆောက် အအုံတွေ ဖယ်ရှားခံရ
နိုဝင်ဘာ ၂၇
တာချီလိတ်မြိုမှာ မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် ထိုင်း နယ်နိမိတ်ဘက်ကို ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက် အအုံတွေကို နိုဝင်ဘာ ၂၇ ရက်နေ့က ဖယ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲက ပြောပါတယ်။
"ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံနှင့် အုတ်တံတိုင်း ပိုင်ရှင်များအား တွေ့ဆုံအသိပေး အကြောင်းကြားကာ စက်ယန္တရားများနှင့် သက်ဆိုင်ရာ အဆောက်အအုံ ပိုင်ရှင်များဖြင့် စတင်ဖယ်ရှားခဲ့တာပါ"လို ဆိုပါတယ်။
ကျူးကျော်ဆောက်လုပ်ထားတာတွေ ဖယ်ရှားမှုကို တာလော့၊ မယ်ခေါင်နဲ့ ရန်အောင်မြေရပ်ကွက် တွေမှာ စတင် လုပ်ဆောင်ခဲ့တာလိုသိရပါတယ်။
မယ်ဆိုင်-မယ်ဟောက် ချောင်းကေန ထိုင်း နယ်နိမိတ်ဘက်ကို RC တစ်ထပ်၊ နှစ်ထပ် အဆောက်အအုံ၊ သစ်သားအိမ်၊ ဂိုဒေါင်ပေါင်း ၈ ခု၊ အဆောက်အအုံ နောက်ဘက်ပိုင်း ၅ ခု၊ အုတ်တံတိုင်းနဲ့ အုတ်နံရံ ၁၆ ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန်ပေါင်း ၄ ခု စုစုပေါင်း ၃၃ ခု ကျူးကျော် ဆောက်လုပ်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းဘက်ကနေ မြန်မာဘက်ခြမ်းကို ကျူးကျော် ဆောက်လုပ်ထားတဲ့ အဆောက်အအုံတော့ ၄၅ ခုရှိတယ့် သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး