ကမ္ဘာကြီးကျဉ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်း ငါတစ်ခုမှမရတော့ဘူး
ဆံပင်တွေ ဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်အထိရောက်နေပြီ ငါမသိဘူး
မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့ မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မှာ မွှေနှောက်ရှာတယ်
နောက်ပြီး
မြောက်အရပ်ကို မျက်နှာမူလို့ မျက်ရည်ဝဲတယ်
တိမ်တွေကပြောတယ်
ခွဲရတာ တကယ် တဲ့ ... ။
#နွေသစ်ငြိမ်း
