နိုင်ငံတကာသတင်းတိုများ
၁။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြိုတွင်တနင်္လာနေ့ နေ့လယ်ကအမှိက်ပုံးအတွင်းမှပေါက်ကွဲမှုဖြစ်ပွားရာ၁၂နှစ်အရွယ်မိန်းကလေးတစ်ဦးပြင်းထန်စွာဒဏ်ရာရသည်။
၂။စျေးပေါသောယူကရိန်းမှသီးနှံများကြောင့်ထိခိုက်နေသောပိုလန်လယ်သမားများသည်ယူကရိန်းနယ်စပ်ပေါက်များကိုပိတ်ဆိုဆန္ဒပြနေသည်။
၃။ထရမ့်သည်မက္ကဆီကို၊ကနေဒါနှင့်တရုတ်နိုင်ငံတိုအပေါ်အကောက်ခွန်နှုန်းများတိုးမြှင့်ကောက်ခံမည်ဟုကြေညာသည်။
၄။ကမ်မလာဟားရစ်သည်၂၀၂၈ခုနှစ်တွင်အမေရိကန်သမ္မတရွေးကောက်ပွဲ၌ဝင်ရောက်ယှဥ်ပြိုင်မည်ဟုသူမ၏အကြံပေးကပြောသည်။
၅။ချက်နိုင်ငံတန်ပြန်ထောက်လှမ်းရေးအကြီးအကဲကယူကရိန်းစစ်တွင်ယူကရိန်းရှုးလျင်သိုမဟုတ်ဆိုးဝါးသောငြိမ်းချမ်းရေးအစီအစဥ်ကိုလက်ခံလိုက်ရလျင်ရုရှား၏အောင်ပွဲဖြစ်သွားပြီးနောက်ထပ်ဥရောပအလယ်ပိုင်းနှင့်အရှေ့ပိုင်းကိုရုရှားကဆက်လက်တိုက်ခိုက်လာနိုင်သည့်အတွက်အနောက်အုပ်စုကရုရှားမနိုင်အောင်ငွေကြေးနှင့်စစ်လက်နက်များယူကရိန်းကိုစုပြုံထောက်ပံ့နေကြောင်းပြောလိုက်သည်။
NOM