မြန်မာငါးဖမ်းစက်လှေက မက်သာဖက်တမင်း ၅.၅ တန် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီးရရှိ

နိုဝင်ဘာ ၂၆

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ မြန်မာအလံလွှင့်ထူထားတဲ့ ငါးဖမ်းစက်လှေတစ်စီးပေါ်က မက်သာ ဖက်တမင်းမူးယစ်ဆေးဝါး ၅.၅ တန် ဖမ်းဆီးရရှိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ကင်းထောက်လေယာဉ်တစ်စင်းက အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ကပ္ပလီပင်လယ် (Andaman Sea) ပြင်အတွင်း မသင်္ကာဖွယ်ရာ ငါးဖမ်းစက်လှေငယ်တစ်စင်းကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ရေလုပ်သား ၆ ဦးပါဝင်တဲ့ ငါးဖမ်းစက်လှေ တနင်္ဂနွေနေ့က အိန္ဒိယရေပိုင်နက်ထဲဝင် ရောက် လာတဲ့အချိန်မှာ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းကို အဆိုပါနေရာကို စေလွှတ်ခဲ့ပါတယ်။

“ငါးဖမ်းစက်လှေပေါ်က တားမြစ်မူးယစ်ဆေးဖြစ်တဲ့ မက်သာဖက်တမင်း ကီလိုဂရမ် ၅၅၀၀ ဝန်းကျင် တွေ့ရှိ သိမ်းဆည်းခဲ့ပါတယ်။” လို့ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့သိမ်းဆည်းရရှိဖူးသမျှ မူးယစ်ဆေးဝါး တွေထဲမှာ အများဆုံးဖြစ်ပြီး ငါးဖမ်းစက်လှေကိုတော့ အိန္ဒိယရေတပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ မြင့်တက်လာခဲ့ပြီး ဝရုန်းသုန်းကား ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံထိစပ်နေတဲ့ နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တောတွင်းနေရာတွေက လျှို့ဝှက်စွာတည်ဆောက်ထားတဲ့ ဓာတ်ခွဲခန်းတွေမှာ အဆိုပါ မူးယစ်ဆေးဝါးတွေကို အဓိက ထုတ်လုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်သူတွေဟာ မူးယစ်ဆေးတွေ မှောင်ခိုသယ်ဆောင်ဖို့အတွက် တရုတ်နဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းရာမှာ မြေပြင်က တင်းကျပ်လှတဲ့လှည့်ကင်းတွေကို ရှောင်ရှားဖို့အတွက် ရေလမ်းကြောင်းခရီးကို ရွေး ချယ်သွားလာနေကြတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ မက်သာဖက်တမင်း တန်ချိန် ၁၉၀ စံချိန်တင် ဖမ်း ဆီးနို်င်ခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံး (UNODC) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုဖမ်းဆီးရရှိလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ ဒေါ်လာ သန်းနဲ့ချီပြီးရရှိနိုင်တယ်ဆိုပေမဲ့ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာတွေက လက်ကားဈေးနှုန်းကတော့ မူးယစ်ဆေးတစ်ကီလိုကို ဒေါ်လာ ၄၀၀ အောက်သာရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Ref: India seizes 5.5 tonnes of Myanmar meth in 'biggest' drug bust

#centralnewsnaypyitaw

image
image
image
image