မြန်မာ-ထိုင်းနယ်စပ်ရှိ UWSA စခန်းများအား ထိုင်းဖက်မှ ဖယ်ခိုင်း၊ နှစ်ဖက်စစ်ရေးတင်းမာနေ

နိုဝင်ဘာ ၂၆

မြန်မာ-ထိုင်းနယ်စပ် မယ်ဟောင်ဆိုင်ခရိုင်အတွင်းရှိ UWSA စခန်းများအား ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံး ထားပြီး ဖယ်ပေးရန် ထိုင်းနိုင်ငံဘက်က ပြောကြားထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ထိုင်းသတင်းဌာန များတွင် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဖော်ပြထားသည်။

ထိုင်းသတင်းဌာနများ ဖော်ပြချက်အရ ထိုင်းနိုင်ငံ၏ တောင်းဆိုချက်ကို UWSA မှ ပယ်ချခဲ့ပြီး အဆိုပါ နယ်မြေများသည် ထိုင်းနယ်မြေ မဟုတ်ကြောင်းနှင့် ထိုင်းစစ်တပ်ဘက်မှ ကျူးကျော်လာပါက လက်တုံ့ပြန် မည်ဟု တုန့်ပြန်ထားကြောင်း ဖော်ပြထားသည်။

UWSA ၏ စခန်းများ ဖယ်ရှားခိုင်းမှုနှင့်ပတ်သက်ပြီး ဝပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ဒီလိုကိစ္စမျိုးက ကျနော်တို့နဲ့မပြီးဘူး။ နိုင်ငံတော်အချင်းချင်းဆွေးနွေးရမဲ့ ကိစ္စရပ်ဖြစ်တယ်။ နိုင်ငံတော် ခေါင်းဆောင်ပိုင်း ကိုလည်း သတင်းပို့ပြီးပါပြီ။” ဟု ဝအခြေစိုက်မီဒီယာကို ပြောထားသည်။

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် ယခုအခါစစ်ရေး တင်းမာနေကြောင်း၊ ထိုင်းစစ်တပ်မှလည်း အင်အားဖြည့်တင်းနေပြီး ဝဘက်မှလည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နယ်စပ်ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့် ဝအရာရှိများ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

#centralnewsnaypyitaw

image
image
image
image