33 ပတ် - ဘာသာပြန်ပါ။

မင်္ဂလာဒုံ ခရေပင်လမ်းခွဲအနီး ခရီးသည်တင်ယာဉ်အရှိန်လွန်၍ တွဲကားကို ဝင်တိုက်မိ

နိုဝင်ဘာလ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၊ မင်္ဂလာဒုံပန်းခြံအနီးတွင် ယနေ့ နိုဝင်ဘာလ ၂၅ ရက် ညနေ ၃နာရီခွဲ အချိန်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး ကုန်တင်တွဲကားကို ဝင်ရောက်တိုက်မိသည့်အတွက် တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ယင်းကြောင့်မြသီတာ လူမှုကူညီရေးအသင်းက အရေးပေါ် မြေပြင်ဆေးကုသမှု များ ပြုလုပ်ပေးပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းအသင်းတာဝန်ရှိသူကပြောပါတယ်။

#centralnewsnaypyitaw

image
image
image