32 w - Translate

၂၀၁၈ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို အရေးနိမ့်တဲ့ပွဲမတိုင်ခင်အထိ ကျနော်အရေးနိမ့်ခဲ့ဖူးတဲ့ ဘယ်ကစားသမားကိုမှ မတောင်းပန်ဖူးဘူး။ ပွဲပြီးချိန်မှာတော့ ကျနော် မက်ဆီကို နှုတ်ဆက်ပြီး‌ တောင်းပန်တယ်လို့ ပြောခဲ့တယ်။ သူက ရှုံးနိမ့်ဖို့မထိုက်တန်ပါဘူး။ သူ ဗိုလ်လုပွဲ ၄ ကြိမ်ရှုံးခဲ့ဖူးပြီးတော့ အာဂျင်တီးနားကို သူတယောက်တည်းနဲ့ ဆွဲတင်ပေးခဲ့တာပါ။

သူ့အတွက် အရှုံးက မထိုက်တန်ပါဘူး။ သူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာက သာမာန်ပါပဲ၊ ဘာမှမထူးခြားဘူး။ ဘာလို့လဲဆိုတော့ သူ့အတွက် ၃ ကြိမ်လောက်အထိ ရဖို့ ထိုက်တန်ခဲ့လို့ပါ။ သူက နှိမ့်ချတတ်တဲ့ကစားသမားဖြစ်ပြီး သူက အကောင်းဆုံးဆိုပြီး ဘယ်တုန်းကမှ ဝန်မခံဖူးဘူး၊ ဒါကြောင့်မို့လည်း သူ့ကို ကျနော်အရမ်းလေးစားတာပါ။

- ပေါ့ဂ်ဘာ

image