ဒီနေ့မနက် ငါးမဆလာဟင်း
ခရမ်းချဥ်သီးသုပ်
ပုဇွန်ချဥ်ပေါင်ကြော်
ဘူးသီးဟင်းခါးပါ
ငါးပုတ်သင် မော်လမြိုင်အခေါ်ငါးပြက်ကိုသန့်စင်ရေဆေးပြီးနှစ်ပိုင်း ပိုင်းကာ
ဆား နနွင်း အချိုမှုန့်နယ်ထားပါ ကြက်သွန်နီ ၃ လုံးကိုစင်းလှီးပြီးနနွင်းမှုန့် ငရုတ်သီးအစိမ်းမှုန့်ထည့်ကာအနှစ်ကျအောင်ဆီသပ်ပါ ရေနဲနဲခြင်း
ထည့်၍ကြာကြာလေးဆီသပ်ပြီးမန်းကျည်းမည့်အရည်ဖျော်ထားတာထည့်ပါ ငါးနယ်ထားတာထည့်ပါ ဆားအချိုမှုန့် ငံပြာရည်
ထည့်ပါ ဆူအောင်ကြာကြာတည်ထားပြီးအရသာမြည်းကြည့်ပါ အနေတော်ဆိုရင်ကုလားလေးမဆလာဖြူးပြီးချပါ
ငါးမဆလာဟင်းရပါပြီး
ခရမ်းချဥ်သီး ၂ လုံးကိုရေဆေးပြီးလှီးကာပန်းကန်တခုထဲထည့်ပါ ကြက်သွန်နီတဥ
ပါးပါးလှီးထည့်ပါ ပုဇွန်ခြောက်မှုန့် ပဲအကျက်မှုန့်
ငရုတ်သီးအကျက်မှုန့်ထည့်ပါ
ကြက်သွန်ဖြူဆီချက်ထည့်ပါ
ငံပြာရည် အချိုမှုန့်နဲနဲထည့်ပါ
နံနံပင်ကိုရေဆေးပြီးလှီးထည့်ပါ ဖွဖွလေးဇွန်းနှင့်ပဲနယ်ပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ခရမ်းချဥ်သီးသုပ်ရပါပြီ
ပုဇွန်ချဥ်ပေါင်ကြော်ကတနေ့ကလက်ကျန်ပါ
ဘူးသီးဟင်းခါးက အိုးတလုံးမှာရေချိန်ဆထည့်ပြီးငပိစိမ်းစား ပုဇွန်ခြောက်မှုန့်ထည့်ကာ
ဆူအောင်တည်ထားပါ အမြုပ်တွေတက်လာတာကိုခပ်ပြစ်ပါ
ဘူးသီးကိုရေဆေးပြီးအမျှင်လှီးပြီးထည့်ပါ ဆား အချိုမှုန့်ငံပြာရည်ထည့်ပါ ဘူးသီးနူးရင်အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်ကြက်သွန်ဖြူထောင်းထည့်ပါ ငရုတ်ကောင်းမှုန့်ဖြူးပေးပါ
ဘူးသီးဟင်းခါးရပါပြီ
စားကောင်းကြပါစေ