ဘိုထိုင် အိမ်သာရေဆင်း အံ၀ှက်အတွင်း ခိုအောင်းနေတဲ့ မြေကိုက်ခံရလို့ ကျောင်းသူ (၁)ဦး သေဆုံး

နိုဝင်ဘာ ၂၅

ဘိုထိုင် အိမ်သာရေဆင်း အံဝှက်အတွင်း ခိုအောင်းနေတဲ့ မြေကိုက်ခံရလို့ ကျောင်းသူ (၁)ဦး သေဆုံးခဲ့တယ်လို့ NSCI လူမှုကွန်ယက်စာမျက်ကနေ သိရပါတယ်။

ဖြစ်စဉ်ဟာ ပခုက္ကူမြို့ ၊ အမှတ် (၁) ရပ်ကွက်၊ ကျောက်စေတီဘုရားနားက နေအိမ် တစ်အိမ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့က ဆယ်တန်းကျောင်းသူဟာ ကျူရှင်ကနေ အပြန် (မီးပျက်နေချိန်) အိမ်သာသွားရာကနေ ဘိုထိုင်အိမ်သာထဲမှာ အောင်းနေတဲ့ မြွေဟောက် အကိုက်ခံရတာလို့ Native Species Conservation & Identification (NSCI) က ပြောဆိုထားပါတယ်။

အဲ့ဒီ မြွေဟာ အဆိပ်ပြင်းရုံမက အဆိပ်ရည်တွေကိုပါ မှုတ်ပန်းနိုင်တဲ့ မန္တလေးအဆိပ်မှုတ်မြွေဟောက်ဖြစ်ပြီး သိပ္ပံနာမည် Naja mandalayensis လို့ သိရပါတယ်။

“အရမ်းအန္တရာယ်များပေမယ့် ဆေးမမီလောက်အောင်ဆိုးဝါးတဲ့မြွေမဟုတ်ပါဘူး ဒီမြွေဆိပ်ကို နိုင်တဲ့အဆိပ်ဖြေဆေးတွေမြန်မာမှာရှိပါတယ်။ ပခုက္ကူပြည်သူ့ဆေးရုံကြီးမှာလည်းရှိပါတယ်”လို့ NSCI က ပြောပါတယ်။

မြွေကိုက်ခံရတဲ့ (၁၀) ကျောင်းသူလေးဟာ ဆေးရုံသွားပြီး ဆေးထိုးခဲ့ပေမယ့် သတိလစ်သွားပြီး အသက်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

Photo - NSCI

#centralnewsnaypyitaw

imageimage