မလေးရှားနိုင်ငံသွားရန် အလုံပိတ် Box ကားပေါ်လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာ ၂၉ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းမိ

နိုဝင်ဘာ ၂၅

မလေးရှားနိုင်ငံသို့သွားရောက် ကုန်တင်အလုံပိတ် Box ကားပေါ် လိုက်ပါလာသည့် မြန်မာ ၂၉ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။

အဆိုပါ ကုန်တင်ကားကို ထိုင်းနိုင်ငံသားက မောင်းနှင်လာခြင်းဖြစ်ပြီး ယင်းကားပေါ်တွင် လူများခိုးတင်လာကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၃ ရက်တွင်လိုက်လံစစ်ဆေးစဉ် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆိုင်ဘူရီခရိုင်အတွင်း စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကားကို ဖမ်းဆီးမိစဉ် ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ကို တွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့က မလေးရှားနိုင်ငံသို့ အလုပ်ရှာရန်အတွက် တရားမဝင် သွားရောက်ကြမည့်သူများဖြစ်ပြီး ထိုင်းနိုင်ငံပွဲစားတစ်ဦးမှ တစ်ဦးလျှင် ပို့ဆောင်ခ ဘတ် ၁၅၀၀ ဖြင့်ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသသို့ ပို့ဆောင်ရန် ယင်းကို တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းက ထွက်ဆိုကြောင်း သိရသည်။

ယခုအခါ ထိုင်းနိုင်ငံသားယာဉ်မောင်းနှင့် မြန်မာနိုင်ငံသားများအား ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source – Asia news and bangkokpos

#centtalnewsnaypyitaw

image
image
image