စာအုပ်ချစ်သူတွေအနေနဲ့ စာအုပ်ဆိုင်တစ်ဆိုင်ကို သွားတယ်ဆိုတာဟာ အမြဲလိုလို စိတ်လှုပ်ရှားဖို့ကောင်းနေတာပါပဲ။ ဒါပေမယ့် တရုတ်နိုင်ငံက စာအုပ်ဆိုင်ကြီးတစ်ဆိုင်ကို သွားကြည့်မယ်ဆိုရင်တော့ ခါတိုင်းရောက်ဖူးနေကျ စာအုပ်ဆိုင်တွေနဲ့မတူတဲ့ အတွေ့အကြုံသစ်က စိတ်လှုပ်ရှားမှုပုံစံအသစ်ကို ပေါ်ပေါက်လာစေမှာပါ။ အဲဒီစာအုပ်ဆိုင်ကတော့ တရုတ်နိုင်ငံ ချန်ဒူးမြို့က "ဒူကျန်းရန်"စာအုပ်ဆိုင်ကြီးပဲဖြစ်ပါတယ်။ စာအုပ်ဆိုင်ကြီးထဲကို ရောက်သွားတယ်ဆိုရင်ပဲ စာအုပ်နန်းတော်ကြီးတစ်ခုထဲရောက်သွားသလိုမျိုး၊ စာအုပ်တွေပြည့်နှက်နေတဲ့ အိပ်မက်ထဲက ဘုရားကျောင်းကြီးတစ်ခုထဲရောက်သွားသလို ကြုံရမှာဖြစ်ပြီး၊ အရင်ကနဲ့ မတူတဲ့ စိတ်လှုပ်ရှားခံစားမှုပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒီစာအုပ်ဆိုင်ကြီး ရှန်ဟိုင်းအခြေစိုက် X+Living ဆိုတဲ့ ပိသုကာကုမ္ပဏီတစ်ခုက ပုံစံထုတ်ပြီး တည်ဆောက်ပေးထားတာဖြစ်ပါတယ်။
For a book lover, stepping into a bookstore is always exciting, but a new bookstore in China makes the experience absolutely spellbinding. Dujiangyan Zhongshuge, located in Chengdu, was designed by Shanghai-based architecture firm X+Living. The two-story space appears cathedral-like, thanks to the mirrored ceilings and gleaming black tile floors which reflect the bookcases.