❝သာကေတ၌ဖြစ်ပွားသည့် စျေးဆိုင်ခန်းများ မီးလောင်မှုအတွင်း သုံးဦးဒဏ်ရာရ❞
နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)မာန်ပြေ ရပ်ကွက်၊ ယမုံနာလမ်းတွင် ယနေ့(နိုဝင်ဘာ ၂၃ ရက်)နံနက် ၁၀ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါမီးလောင်မှုသည် ဂတ်စ်အရောင်းဆိုင်မှ ဂတ်စ်အိုးပေါက်ကွဲရာက မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရပြီး မီးလောင်မှုဖြစ်ပွားရာသို့ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သော်လည်း မီးများလာသဖြင့် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟုဆိုသည်။
ယင်းမီးလောင်မှုကြောင့် ဂတ်စ်အရောင်းဆိုင်နှင့် ဘီယာဆိုင်၊ ကော်ဇောဆိုင်တို့အပါအဝင် စုစုပေါင်းစျေးဆိုင်ခန်း လေးခန်းမီးလောင် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သိရပြီး ဒဏ်ရာရရှိသူ သုံးဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသည်ဟုသိရသည်။
#သတင်းဟင်းလေးအိုးကြီး




