သာကေတတွင် ဂတ်စ်ဆိုင် မီးလောင်မှုဖြစ်ပွား

နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃) မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းရှိ ဂတ်စ်ဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွားရာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ Level - 1 ယာဉ်အုပ်စုများဖြင့် အချိန် (၁)နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

ယနေ့ နိုဝင်ဘာ (၂၃) ရက်၊ နံနက် (၁၀)နာရီကျော်ခန့် အချိန်က သာကေတမြို့နယ်၊ ယမုံနာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး အပါဝင် သက်ဆိုင်ရာ မီးသတ်စခန်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ပြောပါတယ်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုများသဖြင့် နံနက် (၁၀)နာရီ (၂၅)မိနစ်အချိန်တွင် Level - 1 ယာဉ်အုပ်စုများ ထွက်ခွာ၍ ဆက်လက် ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀)နာရီ (၃၄)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၁)နာရီ မိနစ် (၂၀) အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်မှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေကြောင်းသိရပါတယ်။

#centtalnewsnaypyitaw

image
image
image
image
image