ကျောက်မျက်ရတနာ ပြပွဲမှာ ကျောက်မျက်အတွဲပေါင်း (၆၂)တွဲ ရောင်းချထားနိုင်ခဲ့ပြီဟုဆို

နိုဝင်ဘာ ၂၃

နေပြည်‌တော်မှာ ကျင်းပပြုလုပ်နေတဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ မှာ ကျောက်မျက်အတွဲပေါင်း (၆၂) တွဲ ရောင်းချထားနိုင် ခဲ့ပြီလို့ ပြပွဲ ကျင်းပရေး ကော်မတီက ပြောပါတယ်။

ပြပွဲမှာ ပုလဲအတွဲပေါင်း (၂၈၀)တွဲ၊ ကျောက်မျက်အတွဲပေါင်း (၁၆၀)နဲ့ အုပ်စု (A,B,C) သုံးအုပ်စုခွဲခြားထားတဲ့ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

ရောင်းချရတဲ့ ကျောက်မျက် အတွဲ (၆၂) တွဲဟာ ကျောက်မျက်အတွဲ (၁) ကနေ အတွဲအမှတ် (၁၆၀) အတွင်းကနေ ရောင်းချထားရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲကို နိုဝင်ဘာ (၁၈) ရက်ကနေ (၂၇) ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး