မှတ်ပုံမတင်တဲ့ ဆန်စပါးသိုလှောင်ရုံတွေ လုပ်ငန်းယာယီ ပိတ်သိမ်းသည်အထိ အရေးယူမယ်လို့ဆို

နိုဝင်ဘာ ၂၃

မှတ်ပုံမတင်တဲ့ ဆန်စပါးသိုလှောင်ရုံတွေကို လိုအပ်ပါက လုပ်ငန်းယာယီ ပိတ်သိမ်းသည်အထိ အရေးယူသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာရဲ့ ထုတ်ပြနိချက်အရ သိရပါတယ်။

အဲ့ဒီလို အရေးယူသွားမယ်ဆိုတဲ့အကြောင်းကို အောက်တိုဘာ (၂၄)ရက်နေ့ကတည်းက ထုတ်ပြန်အသိပေးထား ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ပုံတင်ကို (၂၅)တန်နဲ့ အထက် သိုလှောင်ရုံ (သို့) စပါးတင်း (၂၅၀၀) နဲ့ အထက် သိုလှောင်ရုံ ပိုင်ဆိုင်ထားသူတွေ လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမိန့်ထုတ်ပြန်ပြီးတဲ့ နေ့ကနေစပြီး (၂) လပြည့်တဲ့ နေ့မှာတော့ သတ်မှတ် ဆန်စပါးသိုလှောင်ရုံတွေ မှတ်ပုံမတင်ရှိပါက စာနဲ့ သတိပေးတာ၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ လိုင်စင် / မှတ်ပုံတင် လက်မှတ်/ လုပ်ကိုင်ခွင့် ‌တွေကို ယာယီ ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်တွေအနေနဲ့လဲ လိုက်နာဆောင်ရွက်ကြဖို့ကို စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက အသိပေးပြောဆိုထားပါသေးတယ်။

#centralnewsnaypyitaw

image