🌽🌽thai corn salad🌽🌽
🔥🔥ပါဝင်ပစ္စည်းများ 🔥🔥
1..ပြောင်းဖူး 👉👉၁ဖူး ကြီးကြီး
2..မုန့်လာဥနီ 👉👉တစ်ခြမ်း
3..ပဲသီး 👉👉၁ တောင့်
4..ခရမ်းချဉ်သီး 👉👉၁ ခြမ်း
5..cherry tomato👉👉၃ လုံး
6..မြေပဲ 👉👉 ၂၀ စေ့
7.. ငရုတ်သီးနီ 👉👉၁၅ တောင့်
8..ပုစွန်ခြောက် 👉👉၂၀ ကောင်
9..ထန်းလျက် 👉👉၂ လုံး
10..ငံပြာရည်ကြည်👉👉၁ ဇွန်း ထမင်းစားဇွန်း
11..မန်းကျည်းရည်👉👉၁ ဇွန်း ထမင်းစားဇွန်း
12..သံပုရာသီး 👉👉၁ လုံး
✂✂ ချက်ပြုတ်နည်း ✂✂
-- ပြောင်းဖူးကို ပြုတ်ထားပါ။ပြီးနောက်ဓားဖြင့် လှီးပါ။ ဥနီကို လဲ ခြစ်တံ နှင့် အမျှင်လေးတွေရအောင် ခြစ်ပါ။ ပဲသီးနှင့် ခရမ်းချဉ်သီး ကို သင့်တော်သလို့ လှီးပါ။
-- မြေပဲ ၊ ငရုတ်သီး ၊ ပုစွန်ခြောက် ကို မညှက်တစ်ညှက်ရောထောင်းပါ။ ထို့နောက် ထန်းလျက်ကို ချေပြီး ထည့်ပါ။ ငံပြာရည် ၊ မန်ကျည်းရည် ၊ သံပုရာသီးရောမွှေပြီး အရသာမြည်းကြည့်ပါ။
--အစပ်အဟပ် တည့်ရင် အသီးအနှံရောပြီး မညှက်တစ်ညှက်လေး ရောထောင်းပါ။ ထို့နောက် ပြောင်းဖူး ထည့်ပြီး အရသာ ဝင်အောင် မွှေပေးပါ။ ခံတွင်းတွေစေမည့် ပြောင်းဖူးထောင်းလေးရပါပြီ 😍😍😍
