3 d - Translate

မြန်မာ့ဆန်ကို အင်ဒိုနီးရှားနိုင်ငံက အများဆုံးဝယ်ယူနေ

အင်ဒိုနီးရှားနိုင်ငံက ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်တန်ချိန် သုံးသိန်းခြောက်သောင်းကျော်ကို ဝယ်ယူတင်သွင်းခဲ့ပြီး မြန်မာ့ဆန်အား ဝယ်ယူတင်သွင်းသည့် ထိပ်တန်းနိုင်ငံဖြစ်လာခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

အလားတူ မြန်မာ့ဆန်အား ဝယ်ယူတင်သွင်းသည့်နိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံက ဆန်တန်ချိန်ပေါင်း (၂၇၆,၄၀၀) ဖြင့် ဒုတိယ၊ ဘယ်လ်ဂျီယံနိုင်ငံက (၂၁၉,၄၀၀)တန်ဖြင့် တတိယရှိခဲ့ပြီး ဖိလစ်ပိုင် (၁၁၄,၇၀၀)တန်၊ ဆီနီဂေါ(၄၄,၃၀၀)တန် စသည်ဖြင့် မြန်မာ့ဆန်ကို ဝယ်ယူတင်သွင်းသည့် အများဆုံးနိုင်ငံများစာရင်းတွင် အသီးသီး ရပ်တည်နေကြသည်။

ဧပြီလ (၁)ရက်၌ စတင်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ (၇) လတာအတွင်း မြန်မာ့ဆန်နှင့်ဆန်ကွဲ တန်ချိန်စုစုပေါင်း (၁.၃၆)သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ရငွေတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၆၄၇) သန်းခန့်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရလည်း သိရသည်။

ထို့ပြင် အသင်းချုပ်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ဆန်တန်ချိန်ပေါင်း (၂.၅) သန်းအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း သိရသည်။

image