လစ်သူယေးနီးယားနဲ့ ဒရုန်းနည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် ထိုင်ဝမ် ဆန်းစစ်လေ့လာနေ

နိုဝင်ဘာ ၂၀

ဒရုန်းနည်းပညာကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဆန်းစစ်လေ့လာဖို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ထိုင်ဝမ်နိုင်ငံက လစ်သူယေးနီးယားနိုင်ငံကို စေလွှတ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး လင်းချီယာလန်ဦးဆောင်တဲ့ ထိုင်ဝမ်ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ ၂၀ က ကိုယ်စားလှယ် တွေဟာ လက်ရှိအချိန်မှာ လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗေးနီးယက်စ်ကို ရောက်ရှိနေပြီး မောင်းသူမဲ့လေ ယာဉ်ဆိုင်ရာ ဖိုရမ်တစ်ခုကို တက်ရောက်နေပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူလိုက်ပါသွားတဲ့ ကုမ္ပဏီ ၂၀ ထဲမှာ Aerospace Industrial Development Corp၊ Thunder Tiger Corp၊ GEOSAT Aerospace & Technology Inc နဲ့ Mitac Holdings Corp တို့လည်း ပါဝင်ပါတယ်။

ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာတာဟာ အနာဂတ် ဒရုန်းနည်းပညာလွှဲပြောင်းပေးရေးတင်မကဘဲ ကမ္ဘာတစ်ဝန်း မောင်းသူမဲ့လေယာဉ် ထောက်ပံ့ရေးကွင်းဆက်နယ်ပယ်မှာ ထိုင်ဝမ်နိုင်ငံရဲ့ အခန်းကဏ္ဍကို မြှင် တင်ဖို့အတွက် ဥရောပကုမ္ပဏီတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေပါ တည်ဆောက်သွားဖို့ ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့ဟာ ဘော်လတစ်နိုင်ငံ လစ်သူယေးနီးယားမှာ နိုဝင်ဘာလ ၂၄ ရက်နေ့မတိုင်ခင်အ ထိ နေထိုင်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးကဏ္ဍမှာ အဓိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယားနိုင်ငံဟာ ရုရှား ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအတွက် အသေခံဒရုန်းတွေ အများအပြားထောက်ပံ့ခဲ့ပါ တယ်။

ထိုင်ဝမ်နိုင်ငံနဲ့ သံတမန်ဆက်သွယ်ရေးတွေ မလုပ်ဖို့ တရုတ်နိုင်ငံက ကမ္ဘာ့နိုင်ငံတွေကို ပြောကြားထားတဲ့အ တွက် အခုလို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လစ်သူယေးနီးယားခရီးစဉ် ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်လို့ မျှော်လင့်ထားပါတယ်။

ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် သတ်မှတ်ထားပြီး နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအ တွက် လိုအပ်ရင် အင်အားသုံးတိုက်ခိုက်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားထားပါတယ်။

လစ်သူယေးနီးယားနိုင်ငံထဲမှာ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးတစ်ခု ဖွင့်လှစ်ဖို့ လစ်သူယေးနီးယားအစိုးရက ဆုံးဖြတ် လိုက်တဲ့အတွက် အခု ခရီးစဉ်ဟာ လစ်သူယေးနီးယားနဲ့ တရုတ်နိုင်ငံရဲ့ သံတမန်ဆက်ဆံရေးကိုလည်း ပိုမိုရှုပ် ထွေးစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

မေလအတွင်း ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တီး ကျမ်းသစ္စာကျိန်ဆိုပြီးကတည်းက ထိုင်ဝမ်နိုင်ငံဟာ တရုတ်နိုင်ငံ ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးနဲ့ တန်ပြန်ဒရုန်းနည်းပညာ နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ခဲ့ပါတယ်။

အခုလ အစောပိုင်းက ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒရုန်းအစင်းရေ ၁,၀၀၀ နီးပါးဝယ်ယူဖို့အတွက် အ မေရိကန်အစိုးရနဲ့ အပြီးသတ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးမှာ 3D printing နည်းပညာအသုံးပြုရေး ဆန်းစစ်လေ့လာဖို့အ တွက် ထိုင်ဝမ်အစိုးရဟာ အမေရိကန်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Ref: Taiwan Exploring Drone Tech Collaboration with Lithuania

#သတင်းဟင်းလေးအိုးကြီး

image
image
image
image