2 d - Translate

တရုတ်နှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၁၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာတို့သည် ရီယိုဒီဂျနေးရိုးမြို့၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထားဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မစ္စတာဝမ်ယိက မကြာသေးမီကကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတနှင့်အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးပြန်လည်စတင်ကာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်းဆိုခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားသည့်သဘောတူညီချက်များကို နှစ်ဖက်အပြန်အလှန်ယုံကြည်မှု၊ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်ကာ မတူကွဲပြားမှုများကို အတူတကွကိုင်တွယ်ဖြေရှင်းသွားကြရန်လည်းပြောကြားခဲ့သည်။

လာမည့်နှစ်သည် တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်ပြီး နှစ်ဖက်စလုံးက အထိမ်းအမှတ်လှုပ်ရှားမှုများ စီစဉ်သင့်သည်ဟုလည်းပြောကြားခဲ့သည်။

ယင်းနောက် နားလည်မှုနှင့်အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်အတွက် နယ်ပယ်အသီးသီးတွင် အပြန်အလှန် တွေ့ဆုံဆွေးနွေးလည်ပတ်မှုများကိုပါ ပြုလုပ်သင့်ကြောင်းလည်း ဝမ်ယိကပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲအိမ်နီးချင်းနှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကူညီကာ ဒေသတွင်းသာမက ကမ္ဘာ့အရေးများတွင်လည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်းဝမ်ယီက ပြောကြားခဲ့သည်။

image