22 ပတ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ် (၁၀၀)ပြည့် အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ် (၁၀၀)ပြည့် အထိမ်းအမှတ် အတည်ပြုရွေးချယ်ထားသည့် အမှတ်တံဆိပ် Logoအား အထူးထုတ် စာပို့တံဆိပ်ခေါင်းအဖြစ် (၂၀၀ ကျပ်တန်) စာပို့ တံဆိပ်ခေါင်းသစ်(၁)မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံဆိပ်ခေါင်းသစ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၆)ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့ပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက် (ကြာသပတေးနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

image