22 ပတ် - ဘာသာပြန်ပါ။

🐙🐙ဘဲဥငံ ကင်းမွန်ကြော်🐙🐙

🔥🔥ပါဝင်ပစ္စည်းများ 🔥🔥

1..ကင်းမွန် 👉👉၃၀ကျပ်သား
2..ဂျုံ မှုန့်. 👉👉၁ခွက်
3..အားလူးမှုန့်? 👉👉၁ခွက်
4..ဆားဘဲဥ. 👉👉၃လုံး
5..ကြက်ဥ. 👉👉၂လုံး
6..ထောပတ် 👉👉အနည်းငယ်
7..ပင်စိမ်း 👉👉၂ ပင်~(၁၂ရွက်ခန့်)
8..ငရုတ်သီးနီ 👉👉၄တောင့်(ပါးပါးလှီး)
9..သကြား ?👉👉 စားပွဲတင်ဇွန်း ၁ ဇွန်း
10..ဆား 👉👉စားပွဲတင်ဇွန်း ၁ ဇွန်း
11..ကြက်သွန်ဖြူ 👉👉၃မွှာ
12..ကြက်သွန်မြိတ်👉👉၁ပင်
13..ဆီ 👉👉👉👉👉👉၅၀က်ပ္​းသား

✂✂ချက်ပြုတ်နည်း✂✂

--ကင်းမွန် ကို သန့်စင်ပြီး အကွင်းလေးတွေလှီးထားပါ။ဆားဘဲဥကို ၁၀မိနစ်ခန့်ပြုတ်ပြီးခွာထားပါ။အနှစ်ကိုသာယူပါမယ် အကာတွေမသုံးပါ။

--ဆားဘဲဥ အနှစ်နှင့် ကြက်သွန်ဖြူ ကို ကြေအောင်နှပ်နှပ်စဉ်းထားပါ။

--ဂျုံ နှင့် အားလူးမှုန့် ကိုရောပြီး ဆားအနည်းငယ်ထည့်၍ မွှေထားပါ။ကြက်ဥနှစ်လုံးကိုခေါက်ထားပါ။

--ကင်းမွန်ကို ခေါက်ထားသော ကြက်ဥ တွင်နှစ်၍ ရောထားသော အမှုန့်နှစ်မျိုး နှင့်ကပ်ပါ။ပြီးနောက် ဆီဆူဆူတွင် deep fried(၁မိနစ်ခွဲ)ခန့် ကပ်ကြော်ပါ။

--ထောပတ်ကို အိုးထဲတွင်အပူပေးပြီး သကြား၊ပင်စိမ်းနဲ့ ချေထားသော ဆားဘဲဥ ထည့်ပါ။အမြှပ်လေးများထွက်လာတဲ့ အထိမီးအေးအေးနဲ့ မွှေပေးပါ။

-အမြှပ်လေးများထွက်လာရင် ငရုတ်သီးနှင့် ကြော်ထားသော ကင်းမွန်ကို ထည့်ပြီး မွှေပေးပါ ။ထိုနောက် ကြက်သွန်မြိတ်လေး ဖြူးပြီး ဆားဘဲဥနဲ့ကင်းမွန် ကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီး✌✌✌✌✌

image