9 w - Translate

မြန်မာ့ထောပတ်သီး အေးခဲအနှစ်များ မလေးရှားသို့ တင်ပို့မည်

မြန်မာ့ထောပတ်သီးကို တန်ဖိုးမြင့်ထုတ်ကုန်ပြုလုပ်ထားသ ည့် အေးခဲအနှစ်များကို မလေးရှားနိုင်ငံသို့ တင်ပို့ရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

လက်ရှိတွင် အေးခဲထောပတ်သီးအနှစ်များကို တင်ပို့ရန်စီစဉ်နေပြီး မလေးရှားနိုင်ငံသို့ နမူနာပေးပို့ခဲ့ရာ ဝယ်ယူမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်မှု (၉၀) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သဖြင့် ဈေးနှုန်း ညှိနှိုင်းရန် အဆင့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ယင်းထောပတ်သီးအနှစ်များ တင်ပို့နိုင်သည့်အတွက် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် Export စံချိန်မီသည့် အသီးများအား အလုံးတိုင်း တင်ပို့နိုင်မည် ဖြစ်သလို စံချိန်မမီသည့် အသီးများကိုလည်း အေးခဲအနှစ်ပြုလုပ်ပြီး တင်ပို့ခြင်းဖြင့် ဈေးကောင်းရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ထောပတ်သီးကို ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့တို့၌ အများဆုံးစိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

image