မြန်မာ့ယွန်းထည်အပါအဝင် အခြားလက်မှုပစ္စည်းများကိုခင်းကျင်းပြသခဲ့သည့် အာဆီယံနှင့်မိတ်ဆွေနိုင်ငံများဈေးရောင်းပွဲတော်
ဝါရှင်တန်မြို့ရှိ Fashion Centre at Pentagon City ၌ နိုဝင်ဘာ ၁၆ ရက်မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်သည့် အာဆီယံနှင့် မိတ်ဆွေနိုင်ငံများဈေးရောင်းပွဲတော်၌ မြန်မာသံရုံး၊ ဝါရှင်တန်မြို့က မြန်မာ့ယွန်းထည်အပါအဝင် အခြားလက်မှုပစ္စည်းများကိုခင်းကျင်းပြသခဲ့သည်။
ဈေးရောင်းပွဲတော်သို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး မြန်မာ့ယွန်းထည်၊ ရွှေချည်ထိုး၊ အခြားမြန်မာ့ရိုးရာလက်မှုပစ္စည်းများနှင့် ရှုခင်းဓာတ်ပုံများကိုပြသခဲ့သည်။
ထို့ပြင် ဈေးရောင်ပွဲတော်၌ပါဝင်သည့် ဝါရှင်တန်မြို့အခြေစိုက် အခြားသံရုံးများမှလည်း လူသုံးကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြသည်။
အဆိုပါ ဈေးရောင်းပွဲတော်အား အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle - ASC)၊ အာရှ-အမေရိကန် ကုန်သည်ကြီးများအသင်း (Asian American Chamber of Commerce - AACC) နှင့် Fashion Centre at Pentagon City တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။