အင်္ဂလန်အသင်း၏ အစဉ်အလာကို ဆက်ထိန်းသွားရန် ဟယ်ရီကိန်းပြော
အင်္ဂလန်အသင်းရဲ့အစဉ်အလာကို ဆက်ထိန်းသွားဖို့ သတိပြုရမယ်လို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပြောပါတယ်။
ဟယ်ရီကိန်းဟာ အခုတပတ်နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းလူစာရင်းကနေ ကစားသမား ၉ ယောက်အထိ နုတ်ထွက်သွားတဲ့အပေါ် မပျော်မရွှင် ဖြစ်နေပြီး အသင်းရဲ့ အစဉ်အလာတတခု ပျောက်ဆုံးသွားမှာကို စိုးရိမ်နေတာပါ။
အင်္ဂလန်အသင်းရဲ့ လေ့ကျင့်တည်းခိုရာနေရာက ကစားသမားတွေအတွက် အထူးဂုဏ်ယူစရာ နေရာဖြစ်ဖို့လိုပြီး ကလပ်အသင်းထက် နိုင်ငံအသင်းက ပထမဦးစားပေးဖြစ်ဖို့ လိုအပ်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ အိုင်ယာလန်နဲ့ နေးရှင်းလိဂ်ပွဲမှာ အနိုင်ရခဲ့ရင် အဆင့်အမြင့်ဆုံး နေးရှင်းလိဂ် A လိဂ်ဆီ တက်လှမ်းကစားခွင့်ရမှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှု အထူးကောင်းမွန်သွားမယ်လို့ ဟယ်ရီကိန်းက ပြောသွားပါတယ်။
DVB
Source: Reuters