အိန္ဒိယမြောက်ပိုင်း ဆေးရုံမီးလောင်မှု မွေးကင်းစ ၁၀ ယောက်သေပြီး ၁၆ ယောက် စိုးရိမ်ရ
နိုဝင်ဘာ ၁၇
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဆေးရုံတရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မွေးကင်းစကလေးငယ် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမီးလောင်မှုဟာ ဥတာပရာဒေ့ရှ်ပြည်နယ် ဂျဟန်ဆီမြို့ရှိ ဆေးရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံဝန်ထမ်းတွေဟာ ကလေးငယ် ၄၄ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် ၁၆ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။
မဟာရာနီလတ်စ်မီဘိုင် ဆေးပညာကောလိပ်ဆေးရုံမှာ ဖြစ်ပွားခဲ့တဲ့ ဒီမီးလောင်မှုဟာ ဝါယာရှော့ခ်ကနေ စတင်ခဲ့တယ်လို့ ပြောပါတယ်။ ဒေသစံတော်ချိန် ည ၁၀ နာရီခွဲဝန်းကျင်လောက်မှာ မွေးဖွားဆောင်ရဲ့ အထူးကြပ်မတ်ကုသခန်းမှာ မီးစတင်လောင်ကျွမ်းခဲ့တာလို့ မီးသတ်ဌာနက ပြောပါတယ်။
အဆောင်အတွင်းရှိ အောက်ဆီဂျင်ဖိအားမြှင့်ရာမှာအသုံးပြုတဲ့စက်မှာ ဝါယာရှေ့ခ်စတင်ခဲ့တာလို့ ဒေသန္တရတာဝန်ရှိသူတွေက ယုံကြည့်နေပြီး ဒီဖြစ်ရပ်အတွင်း စိတ်နှလုံးထိခိုက်နာကျင်ရကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
ကလေးငယ်အလောင်း သုံးလောင်းကတော့ ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ခြင်းမရှိသေးဘူးလို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ဆေးရုံရဲ့ ဘေးကင်းလုံခြုံရေးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပြန်လည်စစ်ဆေးခဲ့ပြီး ဇွန်လအတွင်းက မီးသတ်လေ့ကျင့်ခန်း လုပ်ဆောင်ခဲ့တယ်လို့ ပြည်နယ် ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။
ဒီမီးလောင်မှုဟာ အိန္ဒိယနိုင်ငံမှာ ခြောက်လအတွင်း မွေးကင်းစကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ ဒုတိယမြောက် ဆေးရုံမီးလောင်မှုလည်းဖြစ်ပါတယ်။ မေလအတွင်းက ဒေလီရှိ ပုဂ္ဂိလိက မွေးကင်းစကလေး စောင့်ရှောက်ရေးဆေးရုံတခုမှာ မီးလောင်မှုကြောင့် ကလေးငယ်ခြောက်ယောက် သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Reuters
#centralnewsnaypyitaw