တောင်ကြီးတန်ဆောင်တိုင်က ပြန်လာတဲ့ကား ရပ်ထားတဲ့ကားကိုဝင်တိုက်လို့ သုံးယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရ

နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ ဒီနေ့နိုဝင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး သုံးယောက်သေကာ ဆယ် ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

တောင်ကြီးကနေ ပင်ဖြစ်ရွာကို မောင်းနှင်လာတဲ့ ခြောက် ဘီးကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရပ်ထားတဲ့ ၂၂ ဘီး ကုန်တင်ကားကိုဝင်တိုက်မိရာကနေ ကားပေါ်ပါသူတွေထဲမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" မနက်အစော ၄ နာရီလောက်ကြီးဖြစ်တာ။ တောင်ကြီးတန်ဆောင်တိုင်ကပြန်လာတဲ့ကားလို့တော့သိရတယ်။ ကားကအရှိန်များပြီး မထိန်းနိုင်ဘဲ ကုန်ကားဝင်တိုက်မိတာပေါ့။တိုက်တဲ့ကားပေါ်ကပဲ ေသဆုံးနဲ့ဒဏ်ရာရတယ်။သေတာက အမျိုးသမီးသုံးယောက်ပါ။ဒဏ်ရာရတာက အမျိုးသားလေးယောက်နဲ့အမျိုးသမီးခြောက်ယောက်ပါ။ " လို့ ဒေသခံက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးသုံးယောက်ရုပ်အလောင်းနဲ့အတူ ဒဏ်ရာရရှိခဲ့သူ ဆယ်ယောက်ကို တောင်ကြီးစဝ်စံထွန်းဆေးရုံကိုပို့ဆောင်ထားပြီး ဒဏ်ရာရသူတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး လို့သိရပါတယ်။

တန်ဆောင်းမုန်းလပြည့်နေ့ နိုဝင်ဘာ ၁၅ရက် ညပိုင်း ၁၂ နာရီကျော်လောက်ကလည်းမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင် - ရေး ကားလမ်းမှာ ခြောက်ဘီးကားနဲ့ ဆိုင်ကယ်တို့ တိုက်မိပြီး အမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

#centralnewsnaypyitaw

image