22 ပတ် - ဘာသာပြန်ပါ။

နိုဝင်ဘာလ၁၆ရက်နိုင်ငံတကာသတင်းတိုများ

၁။ အိန္ဒိယနိုင်ငံ၊ဥတာပရာ​ဒေရှ်ပြည်နယ်တွင်​ဆေးရုံမီး​လောင်မှုဖြစ်ပွားရာ​မွေးကင်းစက​လေးငယ်ဆယ်ဦးမီး​လောင်​သေဆုံးသွားသည်။

၂။အာရှပစိဖိတ်ထိပ်သီးအစည်းအ​ဝေးသိုတက်​ရောက်လာသည့်အ​မေရိကန်သမ္မတဘိုင်ဒင်အားထိုင်ဝမ်ကိုယ်စားလှယ်ကထိုင်ဝမ်ကျွန်းသိုလာ​ရောက်ရန်ဘိုင်ဒင်ကို​သောကြာ​နေ့ကဖိတ်ကြားလိုက်သည်။

၃။ဖိလစ်ပိုင်သမ္မတကလက်မှတ်​ရေးထိုးထုတ်ပြန်လိုက်​သောပင်လယ်​ရေ​ကြောင်းဥပ​ဒေကိုမ​လေးရှားကကန့်ကွက်လိုက်သည်။ဖိလစ်ပိုင်၏ဥပ​ဒေတွင်နှစ်နိုင်ငံအငြင်းပွား​နေ​သောကျွန်းကိုဖိလစ်ပိုင်ကသူ့ပိုင်နက်အဖြစ်ထည့်သွင်းလိုက်​သော​ကြောင့်ဖြစ်သည်။

၄။ရုရှားကအ​မေရိကန်သိုအနုမြူ​လောင်စာရည်များတင်ပို​ရောင်းချမှုကိုပိတ်ပင်လိုက်သည့်အတွက်​လောင်စာရည်တစ်​ပေါင်လျင်၄​ဒေါ်လာမှ၈၄​ဒေါ်လာအထိ​စျေးတက်သွားသည်။

၅။ဆလိုဗက်ဝန်ကြီးချုပ်​ရောဘတ်ဖီကိုကသူဝန်ကြီးချုပ်အဖြစ်ရှိ​နေသမျှယူကရိန်းကို​နေတိုးဝင်ခွင့်ဆန့်ကျင်မည်ဟု​ပြောလိုက်သည်။

NOM