နိုဝင်ဘာလ၁၆ရက်နိုင်ငံတကာသတင်းတိုများ
၁။ အိန္ဒိယနိုင်ငံ၊ဥတာပရာဒေရှ်ပြည်နယ်တွင်ဆေးရုံမီးလောင်မှုဖြစ်ပွားရာမွေးကင်းစကလေးငယ်ဆယ်ဦးမီးလောင်သေဆုံးသွားသည်။
၂။အာရှပစိဖိတ်ထိပ်သီးအစည်းအဝေးသိုတက်ရောက်လာသည့်အမေရိကန်သမ္မတဘိုင်ဒင်အားထိုင်ဝမ်ကိုယ်စားလှယ်ကထိုင်ဝမ်ကျွန်းသိုလာရောက်ရန်ဘိုင်ဒင်ကိုသောကြာနေ့ကဖိတ်ကြားလိုက်သည်။
၃။ဖိလစ်ပိုင်သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်လိုက်သောပင်လယ်ရေကြောင်းဥပဒေကိုမလေးရှားကကန့်ကွက်လိုက်သည်။ဖိလစ်ပိုင်၏ဥပဒေတွင်နှစ်နိုင်ငံအငြင်းပွားနေသောကျွန်းကိုဖိလစ်ပိုင်ကသူ့ပိုင်နက်အဖြစ်ထည့်သွင်းလိုက်သောကြောင့်ဖြစ်သည်။
၄။ရုရှားကအမေရိကန်သိုအနုမြူလောင်စာရည်များတင်ပိုရောင်းချမှုကိုပိတ်ပင်လိုက်သည့်အတွက်လောင်စာရည်တစ်ပေါင်လျင်၄ဒေါ်လာမှ၈၄ဒေါ်လာအထိစျေးတက်သွားသည်။
၅။ဆလိုဗက်ဝန်ကြီးချုပ်ရောဘတ်ဖီကိုကသူဝန်ကြီးချုပ်အဖြစ်ရှိနေသမျှယူကရိန်းကိုနေတိုးဝင်ခွင့်ဆန့်ကျင်မည်ဟုပြောလိုက်သည်။
NOM