မီးပုံးပျံကျလို့ အင်းလေးက Inle Princess Resort ဟိုတယ် မီးလောင်ပျက်စီး

နိုဝင်ဘာ ၁၆

တန်ဆောင်မုန်းလပြည့်နေ့ညက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၊အင်းလေးဒေသက Inle Princess Resort ဟိုတယ် မီးလောင်ပြီး ပျက်စီးပြီးဆုံးရှုံးမှုများပြားခဲ့တယ်လို့သိရပါတယ်။

ဟိုတယ်မီးလောင်မှုမှာနိုဝင်ဘာလ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့ည)၇ နာရီခွဲလောက်မှာစတင်ဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီကျော်မှသာမီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် မီးလောင်ချိန်၃ နာရီလောက်အထိကြာမြင့်ပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" မီးပုံးပျံကျပြီး မီးလောင်တယ်လို့ပြောနေကြပေမယ့် သေချာသိသူတော့မရှိသေးဘူး။မီးပုံးပျံကတော့တောင်ကြီးကတင်မဟုတ်ဘူး ။ဒီညောင်ရွှေကလည်းလွှတ်ကြတယ်။ ဟိုတယ်က သစ်သားတွေနဲ့ဆောက်ထားတဲ့ အဆောက်အဦး ဆိုတော့မီးလောင်အားကောင်းပြီး တော်တော်လေးကုန်သွားတယ်။ဟိုတယ်ကရေနံချေးတွေကိုသုပ်ထားတာဆိုတော့လေ ။" လို့ ဒေသခံတယောက်ကပြောပါတယ်။

အဆိုပါ ဟိုတယ်ဟာ NLD အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဖြစ်ခဲ့သူ ဦးအုန်းမောင်ပိုင်ဆိုင်တဲ့ ဟိုတယ်ဖြစ်ပြီး လက်ရှိမှာတော့မီးလောင်ကျွမ်းမှုကြောင့်ဟိုတယ်အားလုံးနီးပါးပျက်စီးသွားပြီလို့ဆိုပါတယ်။

ဟိုတယ်မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်သူက" အင်းလေးဒေသရဲ့အမွေအနှစ်အဆောက်အဦးကိုဆုံးရှုံးလိုက်ရတာပါ။ခုကာလမှာအဲဒီလိုအဆောက်အဦးမျိုး ပျက်စီးသွားတာ ပိုင်ရှင်အတွက်ရော ဒေသအတွက်ပါဆုံးရှုံးမှုတခုပါပဲ။ခေတ်ကောင့းချိန်ဆို ခရီးသွားတွေသဘောကျရတဲ့ဟိုတယ်တခုပါ။ဝန်ကြီးဟိုတယ်ဆိုတော့ မီးပုံးပျံကျလို့ပဲလောင်တာလား၊ဘယ်လိုကြောင့်လဲ မပြောတတ်ဘူး။ " လို့ ပြောပါတယ်။

ဟိုတယ်မီးလောင်မှုကိုတော့ ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးငြှိမ်းသတ်ခဲ့တာဖြစ်ကြောင်း မီးသတ်ဌာနကထုတ်ပြန်ထားပါတယ်။

ဟိုတယ်မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ ထုတ်ပြန်ကြေငြာထားတာမျိုးမရှိသေးဘူး။

Photo:CJ

#centralnewsnaypyitaw

image
image
image
image