ပိုလန်နဲ့ပွဲမှာ Bicycle Kick အပါအဝင် ပေါ်တူဂီအတွက် ရော်နယ်ဒို ၂ ဂိုးသွင်း

နိုဝင်ဘာ ၁၆

ပေါ်တူဂီအသင်းက ပိုလန်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ Bicycle Kick နဲ့ သွင်းဂိုး အပါအဝင် အသင်းအတွက် ၂ ဂိုးသွင်းယူပြီး ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် နောက်ထပ်သွင်းဂိုးတွေကို ရာဖဲလ်လီယို၊ဘရူနိုဖာနန်ဒက်စ်နဲ့ နက်တိုတို့က သွင်းယူခဲ့ပြီး ပိုလန်အသင်းအတွက် ချေပဂိုးကို မာခ့်ချက်က သွင်းယူခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ ဒီနိုင်ပွဲကြောင့် နေးရှင်းလိဂ်ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ၂၀၂၄-၂၅ နေးရှင်းလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပြီး ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။

ရော်နယ်ဒိုကတော့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ သူတို့တိုက်ပွဲဝင်သွားမယ်လို့ ပွဲအပြီးမှာ ပြောထားပါတယ်။

ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲစတင်ကျင်းပတဲ့ ၂၀၁၈-၁၉ မှာ ချန်ပီယံဆုကို ရရှိခဲ့တာပါ။

ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပိုလန်အသင်းနဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ သူတို့ဟာ အလွန်ဆိုးရွားခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ သူမြင်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၈ ရက်ကျရင် ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ခရိုအေးရှားအသင်းနဲ့ပွဲစဉ်မှာ ရော်နယ်ဒိုကို အနားပေးဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

Source:ESPN

#သတင်းဟင်းလေးအိုးကြီး

image
image
image