ပံ့သကူကောက်တဲ့ အမျိုးသမီး ကားတိုက်ခံရပြီး သေဆုံး

နိုဝင်ဘာ ၁၆

ရန်ကုန်၊ ‌ရွှေပြည်သာ ၁၄ လမ်းဆုံမှာ ပံ့သကူကောက်တဲ့ အမျိုးသမီး (၁)ဦး ကားတိုက်ခံရ ပြီးသေဆုံးသွားခဲ့တယ်လို့ ကနောင်လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် (၄၀) ဝန်းကျင်ရှိပြီး သူ့ရဲ့ သားသမီးတွေဟာ နိုဝင်ဘာ (၁၅) ရက်နေ့က ညပိုင်းက ၁၄ လမ်းဆုံနားမှာ ပံ့သကူ ကောက်နေခဲ့ကြတာလို့ သိရပါတယ်။

အဲ့ဒီအချိန် ကားတစ်စီးပေါ်ကနေ ပိုက်ဆံ ကျဲချတာကို သားအမိ (၄) ယောက် ပြေး ကောက်ချိန် အနောက်မှပါလာတဲ့ ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။

ကလေးတွေကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

“ပံ့သကူ ကောက်တဲ့သူတွေကလည်း သူတွေပဲ။ လမ်းပေါ်အပြည့်ပဲ တစ်ချို့ဆို လမ်းမပေါ် တက်ပြီး ကားတွေတားတာတို့ ဆိုင်ကယ်တွေတားပြီး ပစ်ချခဲ့ဖို့ တောင်းကျတာတွေ လဲရှိတယ်။ ပစ်ချတဲ့သူကလည်း ဦးနှောက်လေးသုံးသင့်သလို ကောက်ကျတဲ့သူတွေက လည်း သတိထားသင့်တယ်”လို့ ရန်ကုန် ဒေသခံ တစ်ဦးက ပြောပါတယ်။

ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ‌ဆေးရုံအရောက် (၁၅) မိနစ်အကြာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image