Breaking News!!!
ပြင်သစ်လီဂူးဝမ်း နာမည်ကျော် ကလပ်အသင်း လိုင်ယွန်ဟာ သူတို့အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ လီဂူးတူးဆီ တန်းဆင်းသွားရတော့မှာ ဖြစ်တဲ့အပြင် Transfer Ban လည်း ခံရတော့မှာပဲ ဖြစ်ပါတယ်။
လိုင်ယွန်အသင်းဟာ လက်ရှိ ရာသီမှာ လီဂူးဝမ်းပြိုင်ပွဲအတွင်း အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နာမည်ကျော် ဘောလုံးသမားကောင်းတွေကို မွေးထုတ်ပေးနိုင်တဲ့ အသင်းကောင်းတစ်သင်းလည်း ဖြစ်ခဲ့ပါတယ်။
