မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီပိတ်မည်

နိုဝင်ဘာ ၁၅

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းရှိ စမုံ-သပြေတောင်း ဘူတာကြား စမုံတံတားပြန်လည်ပြင်ဆင်မှာ ဖြစ် တဲ့အတွက် မန္တလေး-သာစည်ရထားလမ်းပိုင်းကို နှစ်ရက်ကြာ ယာယီပိတ်ထားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားတဲ့ စမုံ-သပြေတောင်း ဘူတာကြား အဆန်ရထား လမ်းတံတားရဲ့ ကမ်းကပ်ခုံ ရေတိုက်စားခံရမှုအပေါ် ပေ ၆၀ ဘေလီသံပေါင်နဲ့ ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး အခုအခါ အသေးစိတ်ပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ မန္တလေး-သာစည် ရထား လမ်းပိုင်းကို ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ရက်တွေမှာ ပြေးဆွဲပေးနေတဲ့ အစုန် RBE လူစီးရထားနဲ့ ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ အမှတ် ၁ အဆန်၊ အမှတ် ၂ အစုန် စာပို့ရထားတွေကို ယာယီရပ်နားထားမှာဖြစ်ပြီး အမှတ် ၁၁ အဆန်၊ အမှတ် ၁၂ အစုန် လူစီး အမြန်ရထားတွေကိုတော့ ရန်ကုန်-သာစည်-ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စမုံတံတား ပြန်လည်ပြင်ဆင်ပြီးနောက် နိုဝင်ဘာ ၂၀ ရက်ကစပြီး ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်း ပြေးဆွဲနေ တဲ့ ရထားတွေကို မူလအတိုင်း ပုံမှန်ပြေးဆွဲသွားမယ်လို့လည်း မြန်မာ့မီရထားကနေ သိရပါတယ်။ သာစည်-မန္တ လေး ရထားလမ်းပိုင်းမှာတော့ RBE ရထားတွဲဆိုင်းတွေနဲ့ အစုန်၊ အဆန် လူစီးရထားခရီးစဉ်တွေကို နိုဝင်ဘာ ၁၁ ရက်က စတင်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image