ဒေလီမှာ မီးခိုးမြူတွေကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားရ
နိုဝင်ဘာ ၁၅
အိနိ္ဒယနိုင်ငံ ဒေလီမြို့မှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် မူလတန်းကျောင်းအားလုံးကို ပိတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေလီနဲ့မြောက်ပိုင်း ပြည်နယ်တွေမှာ အပူချိန်ကျဆင်းခြင်း၊ မီးခိုးတွေ၊ ဖုန်မှုန့်တွေ၊ လေတိုက်နှုန်းနည်းတာနဲ့ မော်တော်ယာဉ်တွေကနေ မီးခိုးထုတ်လွှတ်တာတွေနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေကို မီးရှို့တာတွေကြောင့် ဆောင်းရာသီမှာ မီးခိုးမြူတွေ နှစ်စဉ်ကျရောက်လေ့ရှိပါတယ်။
မြို့တော်ကို ဖုံးလွှမ်းနေတဲ့ မီးခိုးမြူတွေကြောင့် မူလတန်အားလုံးကို ပိတ်ထားပြီး အွန်လိုင်းကနေ သင်ကြားမှုပြောင်းလဲ ပြုလုပ်မယ်လို့ မြို့တော်ဝန် အာတီရှီမာလီနာဆင့်ချ်ကဆိုပါတယ်။
ဒေလီနဲ့ အနီးနားရှိမြို့တွေမှာတော့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ လေထုညစ်ညမ်းမှုတွေ ကြုံတွေ့နေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ လေထုအဆင့်ထက် အမှုန်အမွှားတွေဟာ အဆ ၅၀ ပိုမိုပါဝင်နေတယ်လို့ ပြောပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဒေလီဒေသခံတွေဟာ မျက်လုံးယားယံခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ မြို့တော်ဒေလီမှာ နေ့စဉ်လူသေဆုံးမှုရဲ့ ၇ ဒသမ ၂ ရာခှိုင်နှုန်းဟာ အမှုန်အမွှားတွေနဲ့ လေထုညစ်ညမ်းမှုများကြောင့်ဖြစ်တယ်လို့ ဇူလိုင်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
Ref:BBC
Photo:Reuters
Credit - VOM
#သတင်းဟင်းလေးအိုးကြီး