၂၀၂၄ ခုနှစ်ရဲ့ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်မည်

နိုဝင်ဘာ ၁၄

၂၀၂၄ ခုနှစ်ရဲ့ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို နိုဝင်ဘာ ၁၈ ရက်နေ့ကနေ စတင်ပြီး ၂၇ ရက်နေ့ အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ ပြပွဲ ဗဟိုကော်မတီ ကပြောပါတယ်။

ပြပွဲကို မြန်မာ့ကျောက်မျက်ရတနာ ဉပဒေနဲ့အညီ ခွင့်ပြုမိန့်ရရှိထားတဲ့ နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်၊ လိုင်စင်ရယူပြီး ကျောက်မျက်ရတနာ ရောင်းဝယ်တဲ့ လုပ်ငန်း လုပ်ဆောင်နေတဲ့ နိုင်ငံသား လုပ်ငန်းရှင်တွေကို တက်ရောက်ခွင့်ပြုမှာလို့ သိရပါတယ်။

တက်ရောက်ဝယ်ယူခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနဲ့ ရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ် (နေပြည်တော်) တို့မှာ စုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image