ညစ်ညမ်းစာများ ပါရှိတဲ့ "အမုန်းနဲ့ ပျိုးတဲ့ ချစ်ခြင်းအင်္လကာ" စာအုပ် ပုံနှိပ်ထုတ်ဝေသူတို့ တရားစွဲဆို အရေးယူခံရ

နိုဝင်ဘာ ၁၄

ညစ်ညမ်းစာများ ပါရှိတဲ့ စာရေးသူ Mahuyar ရဲ့ “1500 Mile to You” နဲ့ “အမုန်းနဲ့ ပျိုးတဲ့ ချစ်ခြင်းအင်္လကာ စာအုပ် တို့ကို ပုံနှိပ်ထုတ်ဝေသူတို့ကို ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုအရေးယူထားတယ်လို့ သိရပါတယ်။

အဲ့စာအုပ်တွေဟာ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဉပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါစည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး ဟီရိသြတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ ညစ်ညမ်းစာများ ပါရှိတယ်လို့ဆိုပါတယ်။

ပုံနှိပ်သူနဲ့ ထုတ်ဝေသူတို့ရဲ့ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို နိုဝင်ဘာ ၆ ရက်နေ့က ရုပ်သိမ်းခဲ့ပြီး အဲ့ စာအုပ်တွေကို တရားမဝင် ထုတ်ဝေစာတွေ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ပုံနှိပ်ထုတ်ဝေသူတို့ကို ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနဲ့ အညီ တရားစွဲဆို အရေးယူသွားမယ်လို့လဲ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image